Pages

Apr 23, 2011


ကမ္ဘာကို လှည့်ဖျားဘို့ ဟန်ပြ လုပ်ထားတဲ့ အတုအယောင် စစ်အစိုးရအား ရှုတ်ချကန့်ကွက်ကြဖို့ ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်

နအဖစစ်အုပ်စု ဂျပန်နိုင်ငံဆိုင်ရာ သံအမှတ်ဆိုသိုသူ၏ ဂျပန်စီးပွားရေး လုပ်င်ငန်းရှင်များအား သွေးဆောင် ဖျားယောင်းပွဲကို သွားရောက်ဆန္ဒပြကြမယ်၊ နအဖ စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ လူသတ်သမား အာဏာသိမ်း စစ်အုပ်စုက ကမ္ဘာကို လှည့်ဖျားဘို့ ဖန်တီးထားတဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်။

ရွေးကောက်ပွဲဝင်တဲ့ ကြံဖွတ်ပါတီဆိုတာ အာဏာရူး စစ်ခေါင်းဆောင်တွေ ယူနီဖောင်းချွတ်ပြီး လူယောင်ဆောင်ဖို့  ဟန်ပြ လုပ်ထားတဲ့ အကြမ်းဖက် ဒုစရိုက်ဂိုဏ်း သက်သက်ပဲဖြစ်တယ်။ အဲဒီကြံ့ဖွတ် အဖွဲ့ဟာ ၂၀၀၃ ခုနှစ်မှာတုန်းက ဒီပဲယင်းမှာ သွေးအေးအေးနဲ့ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ လူသတ် သမားအဖွဲ့ပဲ ဖြစ်တယ် ဒီကြံ့ဖွတ် အစိုးရဆိုတာ လူသတ်သမား အစိုးရပဲဖြစ်တယ်။ အာဏာရူး စစ်အုပ်စု အစိုးရပဲဖြစ်တယ်။

ဒါကြောင့်မို့ မြန်မာနိုင်ငံက အစိုးရ အသစ်ဆိုတာ အာဏာရူး နအဖစစ်အုပ်စုကို သနပ်ခါးလိမ်း ပန်းပန်ထား တာဖြစ်တယ်။ ဒါကြောင့်မို့ ဒီအကြောင်းတွေကို- ဂျပန် လုပ်ငန်းရှင်တွေ သိအောင်၊

ဂျပန် ပြည်သူတွေသိအောင် ဖော်ထုတ်ကြပါစို့။
လူလိမ်လူညာ စစ်အုပ်စုကို အလိမ်ဖော်ကြပါစို့။

နေ့ရက်။                     ။ ၂၀၁၁ ခုနှစ် ဧပြီလ ၂၆ ရက် အင်္ဂါနေ့။
အချိနိန်။                     ။ နံနက် ၉ နာရီမှ နံနက် ၁၀နာရီခွဲအထိ။
နေရာ၊                       ။ ပူးတွဲပါမြေပုံကိုကြည့်ပါရန်။

Tokyo Chamber of Commerce Building 7F, "International Conference"
How to Get to TCCI Bldg;
ADDress; 3-2-2 Marunouchi, Chiyoda-ku Tokyo 100-0005
3-minute walk from Hibiya Station on subway Mita Line
2-minute walk from Nijubashimae Station on subway Chiyoda Line
3-Station on subway Yorakucho station on subway Yurakucho Line.

 (The above three stations are connected,please use exit B7
5 minute walk from Yurakucho station (JR Yamanote and Keihin-Tohoku Lines)
10 minutes walk from Marunouchi South Gate Of Tokyo Station.\
5minute walk from JR Keiyo Line exit Of Tokyo Station

ဆက်သွယ်ရန်။ ။ ၀၉၀ ၄၉၆၄ ၉၇၁၈၊ ၀၉၀ ၉၈၃၁ ၇၁၉၂၊ ၀၉၀ ၅၃၁၈ ၅၀၅၄။ ၀၈၀ ၄၀၀၅ ၇၀၉၈

Apr 18, 2011

နျုကလီးယား ပျံနှံ့မှုနှင့်သဘာဝဘေးအန္တရာယ် ပညာပေးဟောပြောပွဲ

ဂျပန်နိုင်ငံရောက် ပြည်ထောင်စု မြန်မာနိုင်ငံသူ၊ နိုင်ငံသားများခင်ဗျား-----

 ဂျပန်နိုင်ငံတွင် ကြုံတွေ့နေခဲ့ရသည့် သဘာဝဘေးအန္တရယ်ကြီးနှင့်တကွ နျုကလီးယား ပျံနှံ့မှုဘေးအန္တရာယ်တို့နှင့်ပတ်သက်ပြီး သိသင့်သိထိုက်သည့်
ကြိုတင်ကာကွယ်မှူများ၊ ဆောင်ရန်နှင့်ရှောင်ရန်များကို ကျွှမ်းကျင်သည့် ဂျပန်ပညာရှင်၊ ဆရာဝန် တို့ကို ဖိတ်ကြား   မြန်မာနိုင်ငံသားများအား ရှင်းလင်း
ပြောကြားပေးမည့် ပညာပေးဟောပြောပွဲအား အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ။

ကျင်းပမည့် နေ့ရက်။     ။ 24 ရက်- ဧပြီလ- 2011 ခုနှစ် ( တနင်္ဂနွေနေ့ )
ကျင်းပမည့် အချိန်  ။     ။ နံနက် (၉-၀၀) မှ နေ့လည် (၁၂-၀၀) နာရီ အထိ
ကျင်းပမည့် နေရာ  ။     ။ အီခဲဘုခုရို၊ မီးခိုးခေါင်တိုင် အဆောက်အဦး(၇-ထပ်)

        ဂျပန်နိုင်ငံရောက် ပြည်ထောင်စုမြန်မာနိုင်ငံသား များအနေဖြင့် ဂရုစိုက်သင့် သတိထားသင့်သည်များကို သိရှိကြစေလို  မပျက်မကွက်တက်ရောက်
ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်ခင်ဗျား။  ။

                                                                                         ဗဟိုအလုပ်အမှုဆောင်အဖွဲ့
                                                                                       အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
                                                                                            (လွတ်မြောက်နယ်မြေ)
                                                                                               ဂျပန်ဌာနခွဲ

Apr 16, 2011

တိုကျို သင်္ကြန်ပွဲတော်ကျင်းပရေးအစီစဉ်

 ဂျပန်ရောက်မြန်မာနိုင်ငံသားများနှင့်အဖွဲအစည်းအသီးသီးမှတာဝန်ရှိသူများခင်ဗျား      

               ၂၀၁၁ခုနှစ်ဧပြီလ ၁၇ရက်နေ့ တွင်ကျင်းပရန်စီစဉ်ထားသည့် မြန်မာမိသားစု သင်္ကြန်ပွဲတော်အား မတ်လ၁၁ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ငလျင်နှင့်ဆူနာမီတို့မှ ဖြစ်ပေါ်လာခဲ့သည့် အကျိုးဆက်များကြောင့်ရွှေ့ ဆိုင်းခဲ့ရပါသည်။ယခုအခါ သင်္ကြန်ပွဲတော်အား ၂၀၁၁ ခုနှစ် မေလ၁၅ရက်  (တနင်္ဂနွေ)နေ့ နံနက် ၁၀ နာရီမှ ညနေ ၅နာရီအထိ တိုကျိုမြို့ ဟိဘိယာ့ hibiyaပန်းခြံတွင် ကျင်းပရန် စီစဉ် သတ်မှတ်ပြီးဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ ထို့ကြာင့် ဆိုင်းခန်းဖွင့်လှစ်ရောင်းချလိုသူများ၊ ဖျော်ဖြေရေး အစီစဉ်တွင် ပါဝင်လိုသူများ ဧပြီလ၃၁ရက် (တနင်္ဂနွေ)နေ့နောက်ဆုံးထား၍ ဆက်သွယ်ကြပါရန် နှိုးဆော်အပ်ပါသည်။  
လေးစားစွာဖြင့်
သင်္ကြန်ပွဲကျင်းပရေးကော်မတီ
မြန်မာ့ဒီမိုကရေစီအဖွဲ့ ချုပ်
ဆက်သွယ်ရန် 
-ဦးလိုင်အေး ၀၉၀ ၂၂၅၈ ၃၃၀၇ 
ဦးကျော်ကျော်စိုး ၀၉၀ ၆၀၃၁ ၄၃၉၄ 
ဦးမြင့်မောင် ၀၈၀ ၁၁၂၆ ၃၅၀၀ 
ဦးကိုကို ၀၉၀ ၅၃၃၁ ၈၁၄၅ 
ဦးအောင်ကျော်မိုး ၀၉၀ ၆၅၀၀ ၀၀၂၆
ဦးသူရကျော်ထိုက် ၀၉၀ ၅၅၀၃ ၁၉၈၀ 
ရုံးခန်း ၀၃ ၃၉၁၆ ၄၉၉၆

Apr 13, 2011

April 13, 2011

ကမ္ဘာပေါ်မှာ အဆင့် ရ ရောက်တယ်လို့ သတ်မှတ်ခံရတဲ့ညုကလီယားမတော်တဆမှု ဘယ်လိုလဲဆိုတာကို သိနားလည်ထားသင့်ပါတယ်။

အဆင့် ၀ မှ အဆင့် ၇ အထိ

ဂျပန်အစိုးရက ဖူကူရှီးမားညူကလီယား အကျပ်အတည်းကို နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက်ဖြစ်တဲ့ အဆင့် ၇ သို့ တိုးမြှင့်လိုက်တယ်လို့ကြေညာပြီးတဲ့ နောက်ပိုင်းမှာ ဂျပန်ရောက် မြန်မာနိုင်ငံသား တွေကြားထဲမှာ စိုးရိမ် ရေမှတ် တက်လာခဲ့ပါတယ်။ ”အဆင့် ၇ ဆိုတော့ ကျနော်တို့ဘာလုပ်ရမှာလဲ”။”အဆင့် ၇ ဆိုတာဘာလဲ” ဆိုတဲ့ မေးခွန်းတွေဟာ စိုးရိမ်မှုတွေ၊ ဝေခွဲမရမှုတွေ နဲ့အတူ ရောပြွမ်းထွက် ပေါ်လာခဲ့ပါ တယ်။

ဒီတော့ ဂျပန်အစိုးရက ပြောတဲ့ အဆင့် ၇ ဟာ ဘာလဲဆိုတာ သိထားဖို့တော့လိုအပ်လာပါပြီ။ အဲဒီအဆင့် ၇ ဆိုတာက International Nuclear Event Scale လို့ခေါ်တဲ့ နိုင်ငံတကာ ညူကလီယား ဖြစ်ရပ်များကို တိုင်းတာသော စကေး အဆင့် ၇ ဆင့်ရှိတဲ့အထဲမှာ အမြင့်ဆုံးနဲ့ အစိုးရိမ်ရဆုံး အဆင့်ဖြစ်ပါတယ်။ အဆင့် သုံည ကနေ ၇ အထိရှိပါတယ်။ အောက်မှာ အရောင်ကွဲတွေနဲ့ဖော်ပြထားတဲ့ အတိုင်းဖြစ်ပါတယ်။

7 – Major accident အဓိကကျသောမတော်တဆမှု
6 – Serious accident စိုးရိမ်ဖွယ်ရာမတော်တဆမှု
5 – Accident with wider consequences ပိုမိုကျယ်ပြန့်သောအကျိုးသက်ရောက်မှု
4 – Accident with local consequences ဒေသတွင်းအကျိုးသက်ရောက်မှု
3 – Serious incident စိုးရိမ်ဖွယ်ဖြစ်ရပ်
2 – Incident ဖြစ်ရပ်
1 – Anomaly ပုံမှန်မဟုတ်မှု
0 – Deviation (no safety significance) သိသာသောဥပါဒ်မဖြစ်မှု

အဲဒီအဆင့် ၇ ဆင့်ကို ဘယ်သူက တိုင်းတာ သတ်မှတ်ထား တာလဲလို့ နောက်ထပ်မေးခွန်း ထုတ်စရာရှိလာ ပါတယ်။ ညူကလီယား မတော်တဆ ဖြစ်ပွားလာတဲ့ အခြေအနေမျိုးမှာ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး သွက်လက် ထိရောက်စွာ ဆက်သွယ်လုပ်ကိုင်နိုင်ဖို့ဆိုပြီး နိုင်ငံတကာ
အနုမြူစွမ်း အင်အေဂျင်စီ IAEA ဟာ ၁၉၉၀ ခုနှစ်မှာ International Nuclear and Radiological Event Scale (INES) ကို သတ်မှတ် လုပ်ဆောင်ခဲ့ပါတယ်။

ဘယ်လိုနည်းတွေနဲ့ သတ်မှတ်တာလဲဆိုတဲ့ မေးခွန်းကတော့ ပညာရပ် ဆိုင်ရာမေးခွန်း ဖြစ်တဲ့အတွက် ရှင်းရှင်း ပြောရလို့ရှိရင် ငလျင် တိုင်းတာတဲ့ ပုံစံလိုမျိုး လော့ဂရစ်သမ်တွက်ချက်မှုပုံစံတွေနဲ့ နှိုင်းယှဉ်တွက် ထားတဲ့ဖော်ပြချက်ဖြစ်ပါတယ်။ အဆင့် ၀ ကနေ အဆင့် ၇ အထိ တခုနဲ့တခုကြားကွာခြားချက်ပမာဏ ဟာ ဆယ်ဆကွာပါတယ်။ ဆိုလိုတဲ့သဘောက အဆင့် ၀ ထက် အဆင့် ၁ က ဆယ်ဆပိုပြင်းတယ်၊ ပိုအန္တရာယ် ကြီးတယ်ဆိုတဲ့သဘောပါ။ အဆင့် ၀ က လူကို ဘေးဥပါဒ်သိသိသာသာမဖြစ်စေဘူးလို့ဆိုတဲ့အတွက် အဆင့် ၇ ဆိုလို့ရှိရင် အဲဒါထက် အဆ ၇၀ ပိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

ဒီတော့ အဆင့် တဆင့်စီဟာ ဘယ်လိုလဲဆိုတာကို သိနားလည်ထားသင့်ပါတယ်။

အမြင့်ဆုံးဖြစ်တဲ့ အဆင့် ၇ Major accident ဆိုတာဟာ ရေဒီယို ဓာတ်သတ္တိကြွတဲ့ဒြပ်တွေ အမြောက်အမြား ထွက်ရှိနေပြီး လူ့ ကျန်းမာရေးကိုရော သဘာဝ ပတ်ဝန်းကျင်ကိုပါ ကျယ်ကျယ်ပြန့်ပြန့်ထိရောက် စေတဲ့အတွက် တန်ပြန်အရေး ယူဆောင်ရွက်တာတွေကို သေသေချာချာ အစီအစဉ်ချပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ 

ကမ္ဘာမှာ အဆင့် ၇ ရောက်တယ်လို့သတ်မှတ်ခံရတဲ့ ညူကလီယားမတော်မဆမှုဟာ ၁၉၈၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ (ယခင်ဆိုဗီယက်ယူနီယံ) အခုအခါ ယူကရိန်းနိုင်ငံ ချာနိုဘိုင်းလ် ညူကလီယား ဘေးသင့်မှုဖြစ်ပါတယ်။  စမ်းသပ်မှုလုပ်ရင်းနဲ့ အားကြီးမားလှတဲ့ ရေနွေးငွေ့ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ကာ  ညူကလီယား လောင်စာတွေကနေ ရေဒီယို ဓာတ်သတ္တိကြွတဲ့ဒြပ်တွေ ပတ်ဝန်းကျင် လေထုထဲကို အကြီး အကျယ်ရောက်ခဲ့ပါတယ်။ လူ ၅၆ ဦးသေဆုံးပြီး လူ ၄၀၀၀ လောက်ဟာ ကင်ဆာရောဂါမျိုးစုံခံစားခဲ့ရပါတယ်။ ချာနိုဘိုင်းလ်မြို့ကိုလည်း လုံးဝစွန့်ခွာခဲ့ရပြီး လူမနေတော့တဲ့ အရပ်ဒေသ ဖြစ်သွားခဲ့ပါတယ်။ ၃၀ ကီလိုမီတာ အထူးကန့်သတ်ဇုံဆိုပြီး သတ်မှတ်ထားခဲ့ပါတယ်။ နောက်တခုကတော့ အခုလောလောဆယ် ဂျပန်မှာဖြစ် ပွားနေတဲ့ ဖူကူရှီးမား ညူကလီယား အကျပ်အတည်း ပဲဖြစ်ပါတယ်။

အဆင့် ၆ Serious  accident ဆိုတာဟာ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ သိသိသာသာချည်းထွက်ရှိနေ ပြီးအဲဒါကို သေသေချချာအစီအစဉ်ရေးဆွဲသတ်မှတ်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က ဆိုဗီယက်ယူနီယံ Mayak မြို့မှာရှိတဲ့ Kyshtym disaster အဖြစ်အပျက်ပါပဲ။ စွန့်ပစ်ညူကလီယားဒြပ်တွေကို ပြန်လည်အသုံးချဖို့လုပ်တဲ့လုပ်ငန်းစဉ်မှာ အအေးပေးတဲ့စနစ်ချွတ်ယွင်းပြီး ရေနွေးငွေ့ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ် တန်ချိန် ၇၀ ကနေ ၈၀ အထိ လေထုထဲပျံ့လွင့်ခဲ့တယ်လို့ သိရပါတယ်။ ဒေသတွင်းပြည်သူတွေအပေါ် ဘယ်လောက်အတိုင်း အတာအထိ အကျိုးသက်ရောက်မှုရှိခဲ့တယ်ဆိုတာကို မသိခဲ့ရပါဘူး။

အဆင့် ၅ Accident with wider consequences ပိုမိုကျယ်ပြန့်သောအကျိုးသက်ရောက်မှု ဆိုတာ ကတော့ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေဟာ အတိုင်းအတာတခုအထိ ပျံ့နှံ့ထွက်တာကိုခေါ်တာပါ။ ဒီလိုဖြစ်လာခဲ့ရင် စနစ်တကျနဲ့စီစဉ်သတ်မှတ်ပြီး တန်ပြန်အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ သေဆုံးမှု တွေဖြစ်ခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုတွေ ထိခိုက်ပျက်စီး ညူကလီယားလောင်စာတောင့်တွေတစိတ်တပိုင်း အရည်ပျော်တာတွေဖြစ်ခဲ့ပါတယ်။
၁၉၅၇ ခုနှစ် ဗြိတိန်နိုင်ငံ Windscale fire ။ ၁၉၇၉ ခုနှစ် အမေရိကန်ပြည်ထောင်စု Three Mile Island accident ။ ၁၉၅၂ ခုနှစ် ကနေဒါနိုင်ငံ First Chalk River accident ။ ၁၉၆၉ ခုနှစ် ဆွစ်ဇာလန်နိုင်ငံ Lucens partial core meltdown ။  ၁၉၈၇ ခုနှစ် ဘရာဇီးနိုင်ငံ Goiânia accident စတဲ့နေရာတွေမှာ ဖြစ်ခဲ့ပါတယ်။

အဆင့် ၄ Accident with local consequences ဒေသတွင်းအကျိုးသက်ရောက်မှုဆိုတာကတော့ ရေဒီယို ဓာတ်သတ္တိကြွတဲ့ဒြပ်တွေ အနည်းအကျဉ်းစိမ့်ထွက်ပျံ့နှံ့ခဲ့တာကို ခေါ်တာပါ။ ဒေသတွင်းမှာ စားသောက် စရာတွေနဲ့ပတ်သက်ပြီး ကန့်သတ်ထိန်းချုပ်တားမြစ်တာတွေလုပ်ပြီး အရေးယူဆောင်ရွက်ရတဲ့အဆင့်ပါ။
လူထုကြားမှာ ဓာတ်ရောင်ခြည်သင့်ခံရနိုင်တဲ့အဆင့်ဖြစ်ပါတယ်။ အဲဒီအဆင့်သတ်မှတ်ခံခဲ့ရတဲ့ ကမ္ဘာပေါ် က ညူကလီယားမတော်တဆမှုတွေထဲမှာ တဦးသေဆုံးခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုထိခိုက်မှုဖြစ်နိုင်တဲ့အဆင့် ဖြစ်ပါတယ်။ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ အာဂျင်တီးနား၊ ချက်ကိုစလိုဗားကီးယား၊ ဂျပန်နိုင်ငံတွေမှာ ဖြစ်ခဲ့ဘူးပါတယ်။
အဆင့် ၃ Serious incident စိုးရိမ်ဖွယ်ဖြစ်ရပ်ဆိုတာကတော့ ညူကလီယားစက်ရုံတွေ ၊ ဓာတ်ပေါင်း ဖိုတွေမှာ အလုပ်လုပ်တဲ့အလုပ်သမားတွေ တနှစ်ကို ဓာတ်ရောင်ခြည်သင့်ခံရတဲ့ပမာဏထက် ၁၀ မြင့်မား တဲ့အဆင့်ကိုခေါ်တာပါ။ သေလောက်တဲ့အထိမဖြစ်ပါဘူး။ အရေပြားတွေလောင်သွားလောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဗြိတိန်၊ ဟန်ဂေရီ၊ စပိန်နိုင်ငံတွေမှာ ဖြစ်ခဲ့ဘူးပါတယ်။
အဆင့် ၂ Incident ဖြစ်ရပ် ဆိုတာကတော့ လူတွေဓာတ်ရောင်ခြည်သင့်ခံရတဲ့ပမာဏဟာ ၁၀ မီလီ ဆီးလ်ဗာ့တ်ပဲရှိပါတယ်။ အလုပ်သမားတွေ ဓာတ်ရောင်ခြည်သင့်ခံရတဲ့ပမာဏထက်ပိုမိုတဲ့ ရောင်ခြည်သင့် ခံရမှုအဆင့်ဖြစ်ပါတယ်။ စပိန်၊ ဆွီဒင်၊ ပြင်သစ်နိုင်ငံတွေမှာဖြစ်ခဲ့ပါတယ် ။
အဆင့် Anomaly ပုံမှန်မဟုတ်မှု ဆိုတာကတော့ ပြည်သူတွေအနေနဲ့ တနှစ်ရောင်ခြည်သင့်ခံရရင် အန္တရာယ်မဖြစ်စေတဲ့ ပမာဏကို ကျော်လွန်တဲ့အဆင့်ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံဖြစ်ခဲ့ဘူးပါတယ်။
အဆင့် ၀ ကတော့ Deviation (no safety significance) သိသာသောဥပါဒ်မဖြစ်မှု ဆိုတာကတော့ ဘေးဥပါဒ်သင့်တဲ့အဆင့်မဟုတ်ပါဘူး။ စလိုဗေးနီးယား၊ အာဂျင်တီးနား၊ ဂျပန်နိုင်ငံတို့မှာဖြစ်ခဲ့ပါတယ်။
ဂျပန်အစိုးရကသတ်မှတ်ခဲ့တဲ့ အဆင့် ၇ ဆိုတာက ဘယ်နေရာကိုသတ်မှတ်ထားသလဲဆိုတာက သာမန်ပြည်သူတွေအနေနဲ့ မသိမဖြစ်သိဖို့လိုအပ်တဲ့အချက်ပါ။ အဲဒီလိုမဟုတ်ရင် ကြောက်ရွံ့စိုးရိမ်မှုတွေ ဖြစ်နိုင်လို့ပါပဲ။ ဖူကူရှီးမား ဒိုင်းအိချိ အမှတ်တစ်ဓာတ်အားပေးစက်ရုံနေရာမှာဖြစ်ပါတယ်။ ဂျပန်အစိုးရက အဲဒီလိုမကြေညာခင်မှာ IAEA ကို ကြိုတင်အသိပေးပြီး ယာယီသတ်မှတ်ထားတယ်ဆိုတဲ့လျှောက်လွှာကို တင်ထားခဲ့တယ်လို့ IAEA ကဆိုပါတယ်။

ကျော်ကျော်စိုး
၃း၅၁ နာရီ
ဧပြီလ ၁၃ ရက် ၂၀၁၁ ခုနှစ်

Post by Salai Kyaw Thein Aung

Apr 5, 2011

ဂျပန် ငလျင်နှင့် ဆူနာမီဒဏ်သင့်သူများအတွက် စုပေါင်းအလှူငွေပေးအပ်ပွဲ ဖိတ်ကြားစာ

Mar 20, 2011

CNC-Japan ၏ အစည်းအဝေးဖိတ်ကြားခြင်း

Tsunami

Tinychat

video chat provided by Tinychat